ဝဋ်ဆိုတာ နောက်ဘ၀တောင်မကူးဘူးဗျို့။
ဒီဘ၀မှာတင် အနေရော၊အသေပါ ဖြောင့်ပါ့မလားမသိ။စစ်အာဏာရှင်များ သတိပြုပါလေ။
"ဗိုလ်ချုပ်မှူးကြီးဟောင်းဦးသန်းရွှေကိုတရားစွဲမည်ဆိုသည့်သတင်း"
ဗိုလ်ချုပ်မှူးကြီးဟောင်းဦးသန်းရွှေကို တရားစွဲဆိုခြင်းမှာ ၎င်းကျူးလွန်ခဲ့မှုများကို အများသိရှိစေရန် ရည်ရွယ်ပြီး
တရားစွဲဆိုရခြင်းဖြစ်ကြောင်း ၁၉၉၀ပြည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖွဲ့
အတွင်းရေးမှူး ဒေးဗစ်လှမြင့်က ပြောသည်။
"နိုင်ငံတော်အဆင့်တွေကိုစွဲရမှာဖြစ်တဲ့အတွက် တိုင်းတရားရုံးကစပြီး စွဲမှာပါ။
ရန်ကုန်တိုင်းဒေသကြီးတရားရုံးက စွဲမယ်။ရာဇ၀တ်ကြောင်းအရ စွဲမှာပါ။ပြစ်မှုကျူးလွန်သူအနေနဲ့ပါ တရားမကြောင်းနဲ့နောက်တစ်မျိုးဆက်စွဲမှာပါ။လွှတ်တော်ကိုယ်စားလှယ်တွေနစ်နာခဲ့အတွက်ကြောင့်ပေါ့။အခုလောလောဆယ်ကတော့ ပြစ်မှုကျူးလွန်သူအနေနဲ့ပဲ အရင်စွဲမယ်"ဟု ၎င်းကဆိုသည်။
အဆိုပါ ၁၉၉၀ပြည့်နှစ်ရွေးကောက်ပွဲကို ဥပဒေနှင့်အညီကျင်းပခဲ့ပြီး ကျင်းပပေးသောအစိုးရက လွှတ်တော်ခေါ်ယူရန်နှင့်အာဏာလွဲပြောင်းပေးရမည့် လုပ်ငန်းစဉ်များအား ပျက်ကွက်ခဲ့ခြင်းကြောင့် ကြည့်မြင်တိုင်မြို့နယ် ၁၉၉၀ပြည့်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှထွန်းက ယခုလအတွင်းတရားစွဲဆိုသွားမည်ဖြစ်ကြောင်း
သိရသည်။
No comments:
Post a Comment