Thursday, August 13, 2015

(၂၀.၁.၂၀၁၄)ရက်နေ့တွင် မော်လူးမြို့ပေါ် နှင့် အနီးဝန်းကျင်မှ ကျနော်တို့ ပရဟိတမောင်နှမများ စုပေါင်း၍ စာအုပ်၊စာရေးကိရိယာနှင့် အာဟာရအလှူတစ်ခု ပြုလုပ်

(၂၀.၁.၂၀၁၄)ရက်နေ့တွင် မော်လူးမြို့ပေါ် နှင့် အနီးဝန်းကျင်မှ ကျနော်တို့ ပရဟိတမောင်နှမများ စုပေါင်း၍ စာအုပ်၊စာရေးကိရိယာနှင့် အာဟာရအလှူတစ်ခု ပြုလုပ်ကြသည်။ ဖားပန့်ကျေးရွာ အခြေခံပညာ မူလတန်းကျောင်းလေး မှာ ကျောင်းသားနည်းပြီး၊အခြားကျောင်းများလောက် ပြည့်စုံမှု မရှိလှပေ။ရွာမှာလည်းအိမ်ခြေနည်းပြီး မြို့နှင့် အလှမ်းဝေးသည်။ရွာသူ/ရွာသားများမှာ လယ်ယာလုပ်ငန်း လုပ်ကိုင်၍ ရိုးသားဖော်ရွေကြသည်။
ထိုနေ့က ကျနော်တို့အဖွဲ့ ဗိုလ်ချုပ်မွေးနေ့အကြိုအထိမ်းအမှတ် အဖြစ် ကြာဆံချက်ကျွေးပြီး၊ စာအုပ်နှင့်စာရေးကိရိယာတို့ကို ကျောင်းသူ/ကျောင်းသားတစ်ဦးချင်းအား ပေးအပ်လှူဒါန်းကြပါသည်။ဖားပန့်ကျေးရွာ
ဘုန်းတော်ကြီးကျောင်းသို့လည်း အလှူငွေနှင့်နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။ ဖားပန့်ကျေးရွာမှ ရွာသူ၊ရွာသားများကလည်း တုန့်ပြန်မေတ္တာဖြင့် ကျနော်တို့ အဖွဲ့အား ထမင်းကျွေးကြသည်။ မေတ္တာ၊စေတနာတို့သည်ကား အပြန်အလှန်ကူးစက်၍ ထိုနေ့က စားခဲ့သောထမင်းမှာ ဘ၀၌ အချိုမြိန်ဆုံးဟု ထင်မိသည်။ ကျနော်တို့အဖွဲ့မှ ကျောင်းသား/ကျောင်းသူများသာမက ကျေးရွာရှိအိမ်တိုင်းစေ့အား ချိုင့်များ၊အိုးများဖြင့် တစ်အိမ်တက်ဆင်း ကြာဆံဟင်းကို လိုက်လံဝေငှပေးကြသည်။ ရွာသူရွာသားများ၏ ဆုပေးလိုက်သောအသံများမှာ အိမ်ပြန်ရောက်သည်အထိ ကြားယောင်မိလေသည်။ နောင်နှစ်များလည်း ကျနော်တို့ပရဟိတမောင်နှမများ စုပေါင်း၍ စာအုပ်အလှူ၊ အာဟာရအလှူတို့ ပြုလုပ်နိုင်အောင် ကြိုးစားပါမည်။
(ပုံမှာ(၂၀.၁.၂၀၁၄)ရက်နေ့က ဖာပန့်ကျေးရွာမူလတန်းကျောင်း၌ပြုလုပ်သော စာအုပ်၊စာရေးကိရိယာနှင့်အာဟာရအလှူ ပုံရိပ်)






No comments:

Post a Comment