အတိတ်က ကာရံတွေသာမညီဘူးဆိုရင်အလွမ်းရင့်ရော်ရွက်ဝါလည်း
လေပြင်းနဲ့အတူကြွေစရာမရှိနိုင်ဘူး
စမ်းရေတိုင်းသာစီးဆင်းမနေဘူးဆိုရင်ငါ့အလွမ်းမြစ်ရေလည်း
မြင့်တက်စရာမလိုဘူး
ဒီလိုဘဲ လွှမ်းစရာတွေသာမရှိဆိုရင်
အထီးကျန်ဆန်မှုတွေမှာ
ပုံသေနည်းတွေအသစ်တွေထွက်တော့မှာမဟုတ်ဘူးလေ
မြစ်ရေတိုင်းသာ အေးမြတမ်းဆို ငါ့အလွမ်းမြစ်ရေလည်း
ရေခဲမှတ်အောက်အနုတ်ဒီဂရီဆဲဆီးယပ်ပေါင်းများစွာနဲ့
အာတိတ်စက်ဝိုင်းတစ်နေရာမှာ အေးခဲနေတော့မှာပေါ့
အလွမ်းပင်လယ်ထဲမှာတော့
အခုထိရွက်လွှင့်နေဆဲပဲဆိုတာ
ကျေးဇူးပြု၍
ကျနော့်ချစ်သူကိုအသိမပေးလိုက်ပါနဲ့ 
cradit to htain haw
No comments:
Post a Comment