(၇.၈.၂၀၁၄)ရက်နေ့က မော်လူးဒေသမှ ပရဟိတမောင်နှမများ စုပေါင်း၍ တောင်ဖီလာကျေးရွာ၊အခြေခံပညာမူလတန်းလွန်ကျောင်းသို့ ဒုတိယအကြိမ်မြောက် စုပေါင်းအာဟာရအလှူအဖြစ် ကြာဆံချက် သွားရောက် ကျွေးမွေးကြပါတယ်။ ယခု ဒုတိယအကြိမ်တွင် အဖွဲ့ဝင်အင်အား များများဖြင့် သွားရောက်ကြပါတယ်။တောင်ဖီလာမူလတန်းလွန် ကျောင်းမှာ ဖားပန့်မူလတန်းကျောင်းထက် ကျောင်းသားများခြင်းကြောင့်လည်း အဖွဲ့ဝင်များများနှင့်သွားရောက်ရခြင်း ဖြစ်သည်။ကျောင်းသား/ကျောင်းသူများအား မမောနိုင်၊မပန်းနိုင် တစ်ခန်းဝင်၊တစ်ခန်းထွက် လိုက်လံကျွေးမွေးကြသည်မှာ အင်မတန် မှ ကြည်နူးစရာကောင်းလှသည့်အပြင် ကျောင်းသားများ စားသောက်နေကြပုံကိုကြည့်၍လည်း ပီတိဖြစ်ရပါတယ်။ ကျောင်းမှ ဆရာ/ဆရာမများအပြင် ရွာသူ/ရွာသားတို့ကပါ ပါဝင်ကူညီ လုပ်အားပေးကြပြန်တယ်။ကျနော်တို့ပရဟိတအဖွဲ့သားများအားလုံးနှင့် ကူညီဆောင်ရွက်ပေးကြသူများ အားလုံးကို ကျေးဇူးတင်လျှက် နောင်နှစ်များမှာလည်း အာဟာရအလှူ ပြုလုပ်နိုင်ဖို့ ကြိုးစားရပေအုံးမည်။ (ပုံမှာ (၇.၈.၂၀၁၄)ရက်နေ့က တောင်ဖီလာမူလတန်းလွန်ကျောင်းသို့ အာဟာရအလှူ သွားရောက်ပြုလုပ်ကြစဉ် အမှတ်တရ ပုံရိပ်)
No comments:
Post a Comment