(ပုံမှာ မလူးကျေးရွာမှ ကိုယ့်အားကိုယ်ကိုး စုပေါင်းအားဖြင့်ဖြစ်လာသော ကျေးရွာချင်းဆက် လေးတန်ချောင်းကူးကြိုးတံတား ပုံရိပ်။)
Thursday, August 13, 2015
မော်လူးဒေသ၀န်းကျင်တစ်ခွင်မှာ မော်လူးချောင်း၊ဟဲနုချောင်း၊လေးတန်ချောင်း၊နမီးချောင်း၊နန့်ဒရန့်ချောင်း
မော်လူးဒေသ၀န်းကျင်တစ်ခွင်မှာ မော်လူးချောင်း၊ဟဲနုချောင်း၊လေးတန်ချောင်း၊နမီးချောင်း၊နန့်ဒရန့်ချောင်းစသည့် ချောင်းများစွာတို့သည် တောတောင်၊စိမ့်စမ်းများ ချောင်းဖြားခံ၍ ရာသီမပြတ် အမြဲစီးဆင်းနေကြသည်။တစ်ရွာနှင့်တစ်ရွာ ဆက်သွယ်သွားလာရန်လည်း ကောင်း၊မြို့တက်၍ခရီးသွားလာရန် လည်းကောင်း၊လူနှင့်ကုန်စည်များ ဖြတ်သန်းသယ်ဆောင်ရန် ရွာချင်းဆက်တံတားများမှာ အလွန်အသုံးဝင်လှပေသည်။ရေကြီးသောနှစ်များတွင် ချောင်းကူးတံတားများ မျှောပါပျက်စီး၍ အသစ်ပြန်ဆောက်ကြရသည်မှာ အမြဲလိုလိုပင်။လုပ်အား၊ငွေအား တတ်နိုင်သော တစ်ချို့ရွာများမှာ ကားသေးများ၊ ထော်လာဂျီများနှင့်နွားလှည်းများ ဖြတ်နိုင်ဖို့ အခိုင်အမာလုပ်နိုင်ကြပေမဲ့ ငွေအား၊လူအားနည်းသော တစ်ချို့ရွာများမှာကား လူကူးတံတားလောက်သာ လုပ်နိုင်ကြသည်။ဝေလံခေါင်ဖျားသော နားဖာ၊ခေါင်တုံးစီကဲ့သို့ရွာများမှာကား ငွေအား၊လူအားနည်းလွန်း၍ တံတားမလုပ်နိုင်ကြပေ။မိုတွင်းကာလများ ရောက်လျှင် ဆက်သွယ်သွားလာရန် အလွန်ခက်ခဲလှသည်။တံတားဆောက်ရာတွင်လည်း ကိုယ့်ရွာ၊သူ့ရွာ စုပေါင်းအားနှင့် ကိုယ်အားကိုယ်ကိုး ဆောက်ကြရသည်။တောရွာမှ စာသင်ကျောင်းဆောက်လျှင်ဖြစ်စေ၊ချောင်းကူးတံတားများ ဆောက်လျှင်ဖြစ်စေ၊မြို့တွင်းကတ္တရာလမ်းခင်းလျှင်ဖြစ်စေ၊ကိုယ့်အားကိုယ်ကိုးကြရသည်မှာ ဓမ္မတာပင်။ ယုတ်စွအဆုံး ရေဘေးသင့်လျှင်တောင်မှ်ပြည်သူကိုပြည်သူချင်းကပဲ ပြန်၍ကူညီကြရသည်မှာ ယနေ့ခေတ် မီဒီယာများ၌ နေ့စဉ်မြင်နေရသည် မဟုတ်ပါလား။ပြည်သူတို့၏ အမှန်တစ်ကယ် လိုအပ်ချက်များကို မှန်ကန်သောနည်းလမ်းများဖြင့် ဆောင်ရွက်ပေးနိုင်လျှင် ပြည်သူ့တို့၏လူမှုဒုက္ခ၊၀န်ထုပ်ဝန်ပိုးများအတန်အတင့် လျှော့နည်းလာပြီး လူနေမှုလည်းမြှင့်လာမည်ဖြစ်သည်။ ကိုယ့်အားကိုယ်ကိုးနေရသော ပြည်သူများအဖြစ်မှ နိုင်ငံတော်က အများပြည်သူလိုအပ်ချက်ကို ဖြည်ဆည်းပေးနိုင်သော အများပြည်သူတို့ အားကိုးနိုင်လောက်တဲ့ နိုင်ငံတော်သစ် ပေါ်ပေါက်ပါစေလို့ မျှော်လင့်လျှက်.......
(ပုံမှာ မလူးကျေးရွာမှ ကိုယ့်အားကိုယ်ကိုး စုပေါင်းအားဖြင့်ဖြစ်လာသော ကျေးရွာချင်းဆက် လေးတန်ချောင်းကူးကြိုးတံတား ပုံရိပ်။)
(ပုံမှာ မလူးကျေးရွာမှ ကိုယ့်အားကိုယ်ကိုး စုပေါင်းအားဖြင့်ဖြစ်လာသော ကျေးရွာချင်းဆက် လေးတန်ချောင်းကူးကြိုးတံတား ပုံရိပ်။)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment