Wednesday, August 19, 2015

(၂၄.၇.၂၀၁၅)ရက်နေ့ "မော်လူးမြို့ရေကြီးမှုမြင်ကွင်းပုံရိပ်"

(၂၄.၇.၂၀၁၅)ရက်နေ့ "မော်လူးမြို့ရေကြီးမှုမြင်ကွင်းပုံရိပ်"
နံနက်၇နာရီလောက်က တစ်ရိပ်ရိပ်တက်လာတဲ့ရေဟာ တစ်နာရီကျော်အတွင်းမှာပဲ
တစ်မြို့လုံးကိုဖုံးလွှမ်းသွားတော့တယ်။
တစ်ချို့လမ်းတွေ၊အိမ်တွေဆို ရင်ဘတ်ရောက်သည်အထိနစ်ကုန်တယ်။
တစ်ခါမှရေမတက်ဘူးလို့ "ရေကျော်တဲ့လမ်းတွေမြင်ဘူးအောင် သွားကြည့်ကြ"
လို့ လေသံထွားတဲ့
လမ်းမတော်လမ်းတောင် မြုပ်ကုန်တယ်။
အဲဒီနေ့က ဟဲနုချောင်းအထက်ဘက် မိုးရွာသွန်းမှုများလို့ ချောင်းလုံးပြည့်ရေကြီးတယ်။
ချောင်းကနေပြီးတော့ ရွာထဲဝင်တယ်။
ဟဲနုကားလမ်းကူးတံတား မျောပါပျက်စီးပြီး အောက်ဖက်က သံလမ်းတံတားမှာ ကန့်လန့်ခံပိတ်ဆို့ပြန်လို့ ရေအားကသံလမ်းတစ်လျှောက်ကနေ
အားချင်းမြို့ထဲဝင်လာလို့လဲ
မထင်မှတ်ပဲ အိမ်တွေ၊လမ်းတွေ ရေမြုပ်ကုန်တာဖြစ်တယ်။သိမ်းဆည်းချိန်တောင် မမှီအောင်ကို အတက်မြန်လို့ ဆုံးရှူံးမှုများတဲ့ ရေလွှမ်းမှုပါ။နှစ်ပေါင်းသုံးဆယ်ကျော်အတွင်း စံချိန်တင်ရေလွှမ်းတဲ့ မော်လူးမြို့ပုံရိပ်ကို မမြင်ဘူးလိုက်သူများ ကြည့်နိုင်အောင် တင်ပေးလိုက်ပါတယ်။






No comments:

Post a Comment