Wednesday, August 19, 2015

မော်လူးမြို့တွင် တန်ဆောင်မုန်းလရောက်တိုင်း ချစ်စရာကောင်းသော ဓလေ့

ကျနော်တို့ မော်လူးမြို့တွင် တန်ဆောင်မုန်းလရောက်တိုင်း ချစ်စရာကောင်းသော ဓလေ့တစ်ခုရှိသည်။မော်လူးမြို့၏ ရိုးရာတန်ဆောင်တိုင်ပွဲဆိုသည်မှာ ရပ်ကွက်များမှ အာဟာရဒါနအလှူကို သူ့ရပ်ကွက်/ကိုယ့်ရပ်ကွက် အပြိုင်ပြုလုပ်ကြခြင်းဖြစ်သည်။တစ်ချို့ရပ်ကွက်က ကြက်သားဆန်ပြုတ်(သို့)အုန်းနို့ဆန်ပြုတ်
တစ်ချို့ရပ်ကွက်ကဖြင့် မုန့်ဟင်းခါး(သို့)အာပူလျှာပူ 
တစ်ချို့ရပ်ကွက်မှာတော့ ဆေးပေါင်းခတဲ့ မယ်ဇလီဖူးသုပ် အစရှိသည့် အာဟာရအလှူကို စုပေါင်းပြုလုပ်ကြသည်မှာ ပျော်စရာပင်ဖြစ်သည်။ရပ်ကွက်သူ/ရပ်ကွက်သားများ စုပေါင်းထည့်ဝင်ငွေနှင့် တစ်ပျော်တစ်ပါး လုပ်ကိုင်ကြပြီး လာသမျှလူတိုင်းအား ကျွေးမွေးကြသည်မှာ နှစ်ရက်၊သုံးရက် တိုင်အောင်ပင်။လူငယ်၊လူရွယ်များနှင့် ကလေးများအဖို့တော့ လင်းကွင်း၊၀ါးလက်ခုပ်များ တီး၍တစ်မျိုး၊
ကက်ဆက်များဖွင့်၊ကခုန်၍တစ်ဖုံ
ပိုက်ဆံများ လိုက်အလှူခံကြသည်။ တန်ဆောင်တိုင်လပြည့်ည၏ လမင်းထိန်ထိန်အောက် ဘုန်းတော်ကြီးကျောင်းမှလည်း projector များဖြင့် ပြသဖျော်ဖြေ၍ တန်ဆောင်တိုင်ပွဲတော်သရုပ်ကို ရုပ်လုံးကြွစေသည်။ကျနော်တို့မြို့၏ ချစ်စရာတန်ဆောင်တိုင်ပွဲတော်ကိုဖြင့် ရိုးရာမပျက် စောင့်ကြိုနေလျှက်သာ။







No comments:

Post a Comment