Monday, August 10, 2015

စံပြကျေးရွာ.......အတွေးပုံရိ

"စံပြကျေးရွာ.......အတွေးပုံရိပ်"
အခုရက်များအတွင်းမော်လူးမှာ (၁)နာရီလောက် မိုးရွာရင်ပဲ ရေက ခဏချင်းတက်တာ တွေ့နေရလို့ မော်လူးမြို့ရဲ့"စံပြကျေးရွာ" ပုံရိပ်ကို ထိခိုက်နေသလား လို့ပါ။အဖွဲ့အစည်း အသီးသီးမှ တာဝန်ရှိသူများ ၀ိုင်းဝန်း အဖြေရှာသင့်ပါပြီ။အာဏာပိုင် အဖွဲ့အစည်း၊စည်ပင်ဝန်ထမ်း၊ရေကော်မတီတို့ အဓိကလုပ်ဆောင်သင့်ပြီဟုထင်မိပါတယ်။တစ်ဦးတစ်ယောက်ချင်း ကိုယ်နှင့်မဆိုင်ဟု နေလို့မရပါ။ ကိုယ့်အိမ်၊သူ့အိမ် ရေမလွှမ်းဖို့သာ တွေးပြီး၊ မြေတွေအပြိုင်ဖို့၊လမ်းတွေ အပြိုင်မြင့် နေပေမဲ့ အဓိက လုပ်ဆောင်ရမဲ့အချက်ကို လုပ်ဆောင်ဖို့ အားနည်းနေတယ်လို့ ထင်ပါတယ်။ကိုယ့်အိမ် ရေမ၀င်ရင်ပဲ ကျန်တာကိုယ်နှင့်မဆိုင်ဟု နေလို့မရပါ။အရင်ကတည်းက ဖောက်ထားသော ရေမြောင်းများ လမ်းတိုင်းရှိသည်မှာ မီးရေး၊ထင်းရေးနှင့်လယ်ရေ ရရှိရေးအတွက်ဖြစ်၍ ကောင်းတဲ့ရည်ရွယ်ချက်ပါ။သို့သော်ပြုပြင်ထိန်းသိမ်းမှုအပိုင်း ပုံမှန်မရှိသဖြင့်လည်းကောင်း၊ ရေကော်မတီမှ သွယ်တန်းထားသော ပိုက်လုံးများကန့်လန့်ခံပိတ်ဆို့နေသဖြင့် အမှိုက်များပိတ်ဆို့ခြင်း၊ရေမြောင်းများ မဖော်၍လည်းရေစီးရေလာ ကောင်းမွန်မှုမရှိခြင်းများဖြစ်ရပါတယ်။ ခြင်၊ယင်များ ပေါက်ပွားသဖြင့်လည်း မလိုလားအပ်သော ကျမ်းမာရေး ဆိုးကျိုးများ အများပြည်သူတို့ ခံစား ရနိုင်ပါတယ်။ယခုအတိုင်းသာရှေ့ ဆက် သွားပါက နောင်နှစ်မှာလည်း မိုးရာသီ ရောက်တိုင်း အိမ်များ၊လမ်းများ ရေလွှမ်း၍ လမ်းများပျက်စီးခြင်း၊ လူနေမှု စနစ်နိမ့်ကျခြင်း၊ ရေဘေးဒုက္ခနှင့် ကျမ်းမာရေး ဆိုးကျိုးများ ခံစားရနိုင်ခြင်း၊ စသည်တို့ ဖြစ်နေအုံးမည်မှာ မလွှဲမသွေပင်။ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ကော်မတီ အသီးသီးမှလူများ ပူးပေါင်းဆောင်ရွက် ကြလျှင်ဖြင့် သန့်ရှင်းလှပသော စံပြကျေးရွာဆိုသည့်ဆောင်ပုဒ် မှာလည်း တောက်ပလာမည်သာ ဖြစ်သည်။









No comments:

Post a Comment