ဘန်ကောက်ဗုံးကွဲမှု နိုင်ငံခြားသားတွေကိုပစ်မှတ်ထားဟု ထိုင်းပြော.......
ထိုင်းနိုင်ငံဘန်ကောက်မြို့လယ် နာမည်ကျော် လေးမျက်နှာဟိန္နူဘုရားကျောင်းမှာ (၁၇.၈.၂၀၁၅)ရက်နေ့၊ည၇နာရီအချိန်က ဖြစ်ခဲ့တဲ့ဗုံးခွဲမှုဟာ နိုင်ငံခြားသားခရီးသွားတွေကို ပစ်မှတ်ထားပြီး ထိုင်းနိုင်ငံရဲ့ခရီးသွားလုပ်ငန်းကို ထိခိုက်အောင်လုပ်ဆောင်တာလို့ ထိုင်းကာကွယ်ရေးဝန်ကြီး ပရာဝစ်ဝမ်ဆူဝမ်ကပြောပါတယ်။အဲဒီတိုက်ခိုက်မှုမှာ လူ၁၉ဦးသေဆုံးပြီး လူတစ်ရာ့နှစ်ဆယ်ကျော် ဒဏ်ရာရတယ်လို့ ထိုင်းရဲတွေကထုတ်ပြန်ပါတယ်။
မော်တော်ဆိုင်ကယ်ပေါ် ဗုံးထောင်ပြီးခွဲတာလို့ ထိုင်းရဲတွေကပြောပါတယ်။ဗုံးပေါက်ကွဲတဲ့နေရာဟာ ကမ္ဘာလှည့်ခရီးသွားတွေအပါအ၀င် လူစည်ကားတဲ့ဟိန္နူ နတ်ဘုရား၊ဧရာဝဏ်နတ်ဘုရားကျောင်းရဲ့အဓိကလမ်းဆုံနေရာဖြစ်ပြီး လေးမျက်နှာဘုရားလို့ လူသိများပါတယ်။မည်သည့်အဖွဲ့က လုပ်ဆောင်တယ်ဆိုတာတော့ မသိရသေးပါဘူး။
# (18.8.2015)ရက်နေ့
No comments:
Post a Comment