Monday, August 24, 2015

ရောက်တတ်ရာရာအတွေးများ

* ရောက်တတ်ရာရာအတွေးများ *
တမင်ဖန်တီးထားတဲ့အလှ
တရားတွေက မြန်မာပြည်ကြီးမှာ
ဒုနှင့်ဒေးရှိပါတယ် ။
ဒီအလှတရားတွေကိုမြန်မာ
ပြည်သူပြည်သားတွေခံစားကြဖို့
မေ့နေကြတယ် ။လူသားတိုင်း
အလှတရားတွေကိုခံစားချ င်ကြပေမဲ့တိုင်းပြည်ရဲ့အထွေထွေ
အကျ ပ်တည်းကြားမှာလေးလံ
နေတဲ့နှစ်လုံးသားတွေကြောင့်
ပြင်ပအလှတရားတွေကိုမခံစား
တတ်ကြတော့ဘူးပေါ့ ။
ဒီအထွေထွေအကျ ပ်အတည်းကြားကရုန်းထွက်နိုင်
ဖို့ဘယ်ကဲ့သို့ကြိုးစားကြမလဲ ။
ဘဝအမောတွေပြေကြပါစေ
ဘဝခရီးသည်





လှရက်ပေ့ဗေဒါ ဗေဒါဘဝ ဗေဒါအလှကို ကမ္ဘာကတောင်စံပြုခဲ့ တယ်နော်

လှရက်ပေ့ဗေဒါ ဗေဒါဘဝ ဗေဒါအလှကို ကမ္ဘာကတောင်စံပြုခဲ့ တယ်နော်။အော်……ဗေဒါ---ဗေဒါ 
ဂုဏ်သတင်း ထုံသင်းပါဘိတော့လားဗေဒါ ဗေဒါလျှောက်တဲ့လမ်း ကြမ်းတမ်းပေမဲ့ ပြည်သူကလေးစာတာမို့ …ဗေဒါ ဘဝအမေားတွေပြေပါစေလို့ …ဆန္ဒပြုလိုက်ပါတယ် 
သားက ဒီလိုတင်စားခေါ်လိုက်ချင်တယ် ဗေဒါ ……မေ …မေ











"ပဋ္ဌာန်း၂၄ပစ္စည်းအနက်"


အသာနေပြီး အသေနာမဲ့သူများ

အသာနေပြီး အသေနာမဲ့သူများ မဖြစ်အောင်လို့ ကာတွန်းကပြောတဲ့ ပုံရိပ်အတွေးကို ဆွဲဆန့်ကြည့်ပါအုံး။


မြန်ပြည်သူပေါင်း စနစ်ပြောင်းမှာ ဒေါင်းတွန်သံကို ကြားကြစေ

မြန်ပြည်သူပေါင်း
စနစ်ပြောင်းမှာ
ဒေါင်းတွန်သံကို
ကြားကြစေ .....။
အနာဂတ်မှာ
ငါတို့မျိုးဆက်
အညွန့်တက်အောင်
စွမ်းဆောင်ကြမည်
သမိုင်းပေးတာဝန် ။
ဆူးအိမ်လှိုင်း



ရောက်တတ်ရာရာအတွေးများ

* ရောက်တတ်ရာရာအတွေးများ *
ပါတီအမည်ကကောင်းပါတယ်
လမ်းပြကြယ် ဆိုပဲ ။
အချ က်လက်မမှန်ရင်မဲပေး
ပိုင်ခွင့်မရှိ ဟုရွေးကောက်ပွဲ
ဥပဒေကဆိုပါတယ် ။ဒါကြောင့်
နိုင်ငံသူနိုင်ငံသားတွေမဲပေးရရေး
မှားနေတဲ့မဲစရင်းတွေကိုNLDကလိုက်
ပြင်ပေးခဲ့ကြပါတယ် ။
ဒါကိုလမ်းပြကြယ်ဆိုတဲ့
ပါတီဝင်တစ်ဦးကဝင်ရှုပ်တယ်လို့
စွပ်စွဲပြောဆိုပါတယ် ။
မဲစိစစ်ရေးဟာပါတီတိုင်း
လုပ်ဆောင်ဖို့အခွင့်အရေးရှိပါတယ်
လုပ်လည်းလုပ်သင့်သောကိစ္စ
တရပ်ဖြစ်ပါတယ် ။
ပြည်သူ မျ က်နှာကြည့်ကြရင်ပေါ့ ။အဲဒီလူကပြည်သူ
မျ က်နှာမကြည့်ပဲဘယ်သူ့
မျ က်နှာကြည့်ပြောသလဲမသိ
ဘူး ။
ပြောတော့လမ်းပြကြယ်တဲ့
အပြောနဲ့ပါတီအမည်ကသဟဇာတမဖြစ်ဘူး ။
ဆရာကောင်းဆက်နိုင်ပြောသလို အံ့သြလွန်းလို့သေတော့မယ် ။
အင်း....
တွေးမိတာလေးပြောကြည့်တာပါ။
ဘဝအမောတွေပြေနိုင်ကြပါ့စေ
ဘဝခရီးသည်




"ရင်ကိုလာမှန်စေသောစကားလုံးများ"


နေ့စားလပေး မူပြအတွက် Ph.D ၊M.A၊M.Sc၊B.A၊B.Sc ဘွဲ့ရသူတွေ လျှောက်လွှာခေါ်ယူခြင်း

နေ့စားလပေး မူပြအတွက် Ph.D ၊M.A၊M.Sc၊B.A၊B.Sc ဘွဲ့ရသူတွေ လျှောက်လွှာခေါ်ယူခြင်းဆိုပဲ။ရတဲ့ဘွဲ့နဲ့ ခန့်မဲ့နေရာ မတန်မရာဗျာ။ဒီလောက်နေရာအတွက်နဲ့
ဒီလိုဘွဲ့တွေ ယူစရာမလိုဘူးထင်တယ်။


ဒီနေ့မြန်မာနိုင်ငံမှာအလုပ်အကိုင်ရှားပါးမှုပြဿနာကမဖြေရှင်းတိုင်အောင်ဖြစ်နေ

ဒီနေ့မြန်မာနိုင်ငံမှာအလုပ်အကိုင်ရှားပါးမှုပြဿနာကမဖြေရှင်းတိုင်အောင်ဖြစ်နေသည် ။
အသေးစားအလတ်စားလုပ်
ငန်းများသည်အလုပ်အကိုင်ရှား
ပါးမှုကိုအနည်းနဲ့အများတော့ဖြေ
ရှင်းပေးပါသည် ။
နန့်ရုံရွာ မှအသေးစားလုပ်ငန်းဖြစ်သောသံဂဟေလုပ်ငန်းရှင်
ကိုနိုင်လင်းကသူ့လုပ်ငန်းကို
တရားဝင်မှတ်ပုံတင်သင့်ရင်တင်
မယ်လို့ဆိုပါတယ် ။
ဒါပေမဲ့တရားဝင်မှတ်ပုံတင်
ရသော်အစိုးရထံမှချေးငွေထုတ်
ချေးလို့ရမှဖြစ်မည်ဟုဆိုသည် ။ှ




"အရောင်မဲ့ အိပ်မက်"

"အရောင်မဲ့ အိပ်မက်"
•တစ်ဘ၀စာ
အလွမ်းတွေ သိမ်းပိုက်လို့...
တခဏသာ တွေ့ကြုံခဲ့ရလည်း
ရင်ထဲ ထာဝရပါပဲလေ.........။
•ဆုံမှတ်မရှိတဲ့ မျဉ်းပြိုင်နှစ်ကြောင်းပေါ်က...
အမှတ်တရ နေ့စွဲတစ်ချို့ကို
လက်ချိုးရေစောင့်ရင်း....
နောက်ကြည့်မှန်တစ်ချပ်လိုတော့
ငါ့ဘ၀ ရောင်ပြန်မဟပ်ဘူးလေ...။
•မကျီစားပါနဲ့မေ...
ဒဿနမဆန်တဲ့ဟောဒီကြမ်းပြင်ပေါ်
အနတ္တ ကာရံတွေသီကုံးလို့....
မချိပြုံးပြုံးရင်းနဲ့ ယူကြုံးမရတဲ့ငါ
လူမုန်းဘ၀ပါနဲ့ပါ.........။
•နင်စေရင်သေဆိုသေ....
မသေချာအဖြေ ဖွေရှာရင်းနဲ့
သံသရာစက်ဝန်းရဲ့ အခြားတစ်ဖက်မှာ
အမှားရမ္မက်တွေဆေးကြောရင်း....
(အိပ်မက်တို့ )
ခါးသက်နေတုန်းပဲလေ..........။
credit to htainhaw

"ပုံရိပ်"••••မျိုးကွဲများ•••သို့•••

"ပုံရိပ်"••••မျိုးကွဲများ•••သို့•••
*********************
*ပန်းတိုင်အရောက်¦¦¦
*လျှောက်ကြတာချင်း ¦¦¦ အတူတူ 
*မူ,မတူလျှင် ¦¦¦ ခြေမထိုးနဲ့¦¦¦
*တေလေဂျပိုး ¦¦¦ စိတ်မျိုးလို ¦¦¦
*အမူ လည်း ¦¦¦ မပိုစေနဲ့¦¦¦
*အဆိုအဆဲတွေနဲ့လည်း ¦¦¦
*တစ်ကိုယ်တည်း ¦¦¦ မနေနဲ့ ¦¦¦
*ပုဂ္ဂိုလ်ခင်လို့လဲ ¦¦¦
*အမြင် ¦¦¦ မမဲစေနဲ့ ¦¦¦
*သွေးကွဲရင်¦¦¦
*ခွေး ဆွဲကြလိမ့်မယ်¦¦¦
*သွေးကြောင်ရင်တော့¦¦¦
*ဘေးရှောင်နေပေါ့ ¦¦¦ ကိုယ့်လူ¦¦¦
*တို့လျှောက်မဲ့လမ်း ¦¦¦
*ခရောင်းလမ်းလို¦¦¦
*ကြမ်းချင် ¦¦¦ ကြမ်းမယ်¦¦¦
*အဟောင်းအနွမ်းလို¦¦¦
*မပြောင်းတမ်း ¦¦¦ ဆိုပေမဲ့¦¦¦
*"ဒေါင်း"စခန်း ¦¦¦ ကိုတော့¦¦¦
*ကလောင်ထမ်းပြီး ¦¦¦
*အရောက်ချီမဲ့¦¦¦
* MawLuuImage ¦¦¦ မှ¦¦¦
* ADMIN ¦¦¦ မင်းတို့ရေ ¦¦¦
*လက်တွဲညီညီ ချီကြစို့လေ။ ¦¦¦
~~~~~~~~~~~~~~~~~~~~~~~
(ပုံရိပ်မထင်စေလိုသူများသို့)



မော်လူးမြို့မှအလှူ






Wednesday, August 19, 2015

အမေဒေါ်စုကိုချစ်သလား ချစ်ရင် NLD ကိုမဲပေးပါ

အမေဒေါ်စုကိုချစ်သလား ချစ်ရင် NLD ကိုမဲပေးပါ။ 
မြန်မာနိုင်ငံရေးစနစ်ပြောင်းချင်သလား ပြောင်းချင်ရင် NLD ကိုမဲပေးပါ။ 
ဒီမိုကရေစီစနစ်ထူထောင်ချင်ပါသလား ထူထောင်ချင်ရင် သင့်ရဲ့မူလပိုင်ဆိုင်ထားသော မဲတစ်ပြားဖြင့် NLD ကို မဲပေးခြင်းဖြင့် သင်တာဝန်ယူလိုက်ပါ ဒါဆိုသင့်တာဝန်ကျေ သွားပါမည်။ကျွန်ူပ်ကတော့













(၂၄.၇.၂၀၁၅)ရက်နေ့ "မော်လူးမြို့ရေကြီးမှုမြင်ကွင်းပုံရိပ်"

(၂၄.၇.၂၀၁၅)ရက်နေ့ "မော်လူးမြို့ရေကြီးမှုမြင်ကွင်းပုံရိပ်"
နံနက်၇နာရီလောက်က တစ်ရိပ်ရိပ်တက်လာတဲ့ရေဟာ တစ်နာရီကျော်အတွင်းမှာပဲ
တစ်မြို့လုံးကိုဖုံးလွှမ်းသွားတော့တယ်။
တစ်ချို့လမ်းတွေ၊အိမ်တွေဆို ရင်ဘတ်ရောက်သည်အထိနစ်ကုန်တယ်။
တစ်ခါမှရေမတက်ဘူးလို့ "ရေကျော်တဲ့လမ်းတွေမြင်ဘူးအောင် သွားကြည့်ကြ"
လို့ လေသံထွားတဲ့
လမ်းမတော်လမ်းတောင် မြုပ်ကုန်တယ်။
အဲဒီနေ့က ဟဲနုချောင်းအထက်ဘက် မိုးရွာသွန်းမှုများလို့ ချောင်းလုံးပြည့်ရေကြီးတယ်။
ချောင်းကနေပြီးတော့ ရွာထဲဝင်တယ်။
ဟဲနုကားလမ်းကူးတံတား မျောပါပျက်စီးပြီး အောက်ဖက်က သံလမ်းတံတားမှာ ကန့်လန့်ခံပိတ်ဆို့ပြန်လို့ ရေအားကသံလမ်းတစ်လျှောက်ကနေ
အားချင်းမြို့ထဲဝင်လာလို့လဲ
မထင်မှတ်ပဲ အိမ်တွေ၊လမ်းတွေ ရေမြုပ်ကုန်တာဖြစ်တယ်။သိမ်းဆည်းချိန်တောင် မမှီအောင်ကို အတက်မြန်လို့ ဆုံးရှူံးမှုများတဲ့ ရေလွှမ်းမှုပါ။နှစ်ပေါင်းသုံးဆယ်ကျော်အတွင်း စံချိန်တင်ရေလွှမ်းတဲ့ မော်လူးမြို့ပုံရိပ်ကို မမြင်ဘူးလိုက်သူများ ကြည့်နိုင်အောင် တင်ပေးလိုက်ပါတယ်။






လမ်းဆုံ

လမ်းဆုံ
အာဏာရှိသူနဲ့
အာဏာမဲ့ ။
သူဌေးနဲ့သူတောင်းစား
ယောင်္ကျားမိန်းမ
ရဟန်းနဲ့လူသား
ဗိုလ်ကျ သူနဲ့
ဖိနှပ်ခံ
ဟန်ဆောင်မှုတွေနဲ့
ဖုံးနေကြတယ်
ဘယ်လောက်ဖုံးဖုံဲး
ဒီနေရာမှာတော့
အားလုံးဟာအတူတူပဲ ။
ဆူးအိမ်လှိုင်း 


အကြိုက်ဆုံးကာတွန်းတစ်ကွက်


ဒီလိုခေါင်းဆောင်မျိုး